အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချ...
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်အမှန် လုပ်ဆောင်ချက်အားလုံးသည် ရည်စူးချက်အပေါ်တွင် အခြေခံသည်။ ဤအမိန့်သည် ခဝပ်ကိုးကွယ...
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ မည်သူမဆို ကျွန်ုပ်တို့၏...
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

ရှရီအဟ် တရားလမ်းစဉ်၏ မည်သည့်ရှုထောင့်နှင့်မျှ ကိုက်ညီမှုမရှိသော လုပ်ရပ် သို့မဟုတ် အပြောဆိုများ တနည်းအားဖြင့် ရှရီအဟ် တရားလမ်းစဉ်၏ အထောက်ထားများနှင့် စ...
အုမရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တစ်ရက်တွင်ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ၌ ထိုင်နေကြစဉ် လွန...
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
မွတ်စ်လင်မ်ကျမ်း။

အုမရ်(ရဿွိယလ္လာဟုအန်ဟု)ကပြောပြသည်မှာ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ဆွဟာဗဟ်များထံ လူစိမ်းတစ်ဦးအသွင်ဖြင့် ထွက်‌ပေါ်လာသည်။ ၎င်း၏သွင်ပြင်မှာ သူ၏အဝတ်အစား...
အဗူအဗ်ဒုရ်ရဟ်မာန် အဗ်ဒုလ္လာဟ် ဗင်န် အုမရ် ဗင်န် ခသ်သွာဗ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန...
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

အဗ်ဒုလ္လာဟ်ဗင်န်အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ-(အစ္စလာမ်သာသနာသ...
မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် မြည်းပေါ်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏နောက်မှ လိုက်ပါစီးနင်းခဲ့သည်။ ထိုမြည်း...
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အရှင်မြတ်၏ကျေးကျွန်များအပေါ်တွင်ရှိသည့် ဝတ္တရားနှင့် ကျေးကျွန်များနှင့် ပတ်...

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်အမှန် လုပ်ဆောင်ချက်အားလုံးသည် ရည်စူးချက်အပေါ်တွင် အခြေခံသည်။ ဤအမိန့်သည် ခဝပ်ကိုးကွယ်မှု၌ဖြစ်‌စေနှင့် အရောင်းအ၀ယ်၌ဖြစ်စေအားလုံးနှင့် သက်ဆိုင်သည့် ယေဘုယျအမိန့်ဖြစ်သည်။ သို့ဖြစ်၍ မိမိ၏အမလ်ကျင့်ဆောင်မှုဖြင့် လောကီအကျိုးကို မျှော်လင့်သူသည် ထိုအကျိုးကိုသာ ရရှိမည်ဖြစ်ပြီး ကုသိုလ်အကျိုးရရှိမည်မဟုတ်ပါ။ မိမိ၏အမလ်ကျင့်ဆောင်မှုဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရန် ရည်ရွယ်သူသည် စားခြင်း၊ သောက်ခြင်းကဲ့သို့ သာမာန်ကိစ္စမျိုးပင်ဖြစ်စေ မိမိ၏အမလ်ကျင့်ဆောင်မှုအတွက် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ထိုနှစ်ချက်သည် အပေါ်ယံအားဖြင့် တူညီနေသော်လည်း အမလ်ကျင့်ဆောင်မှုများတွင် ရည်စူးချက်၏ အကျိုးသက်ရောက်မှုကို ရှင်းပြရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပမာပေးတော်မူခဲ့သည်။ ကိုယ်တော်က ရှင်းပြတော်မူသည်မှာ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်သည် တရားတော်နှင့်ကိုက်ညီကာ လက်ခံသဘောတူခြင်းခံရသည့်ဟိဂျရသ်ဖြစ်ပြီး သူ၏ရည်စူးချက် မှန်ကန်မှုကြောင့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာ၊ အရောင်းအ၀ယ်၊ အမျိုးသမီးစသည့် လောကီအကျိုးစီးပွားအတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်မှ သူရည်စူးလိုက်သည့် အကျိုးကိုသာ ရရှိမည်ဖြစ်ပြီး နောင်တမလွန်ဘဝတွင် မည်သည့်အကျိုးကုသိုလ်ကိုမျှ ဝေစုအဖြစ်ရရှိလိမ့်မည် မဟုတ်ပါ။
Hadeeth details

ရှရီအဟ် တရားလမ်းစဉ်၏ မည်သည့်ရှုထောင့်နှင့်မျှ ကိုက်ညီမှုမရှိသော လုပ်ရပ် သို့မဟုတ် အပြောဆိုများ တနည်းအားဖြင့် ရှရီအဟ် တရားလမ်းစဉ်၏ အထောက်ထားများနှင့် စည်းမျဉ်းဥပဒေများက ညွှန်ကြားပြသထားခြင်းမရှိသော လုပ်ရပ်၊ အပြောအဆိုများသည် ပြုလုပ်သူထံမှ ပယ်ချခြင်းခံရမည်ဖြစ်ပြီး၊ လက်ခံသဘောတူခြင်းခံရမည် မဟုတ်ပေ။
Hadeeth details

အုမရ်(ရဿွိယလ္လာဟုအန်ဟု)ကပြောပြသည်မှာ ဂျိဗ်ရီးလ်(အလိုင်းဟိစ္စလာမ်)သည် ဆွဟာဗဟ်များထံ လူစိမ်းတစ်ဦးအသွင်ဖြင့် ထွက်‌ပေါ်လာသည်။ ၎င်း၏သွင်ပြင်မှာ သူ၏အဝတ်အစားများသည် လွန်စွာဖြူဖွေးကာ ဆံပင်သည် အလွန်မည်းနက်လျက်ရှိပြီး သူ့၌ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖုန်များပေနေခြင်း၊ ဆံပင်များဖွာနေခြင်း၊ အဝတ်အစားများညစ်ပေနေခြင်းစသည့် ခရီးထွက်လာသည့် လက္ခဏာအရိပ်အယောင်မျှပင် မမြင်တွေ့ရပေ။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံ‌ပါးတွင် ထိုင်နေသူများအနက်မည်သူမျှ သူ့ကိုမသိကြပေ။ ထို့နောက် သူသည်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ရှေ့မှောက်တွင် ပညာသင်ယူဆည်းပူးသူကဲ့သို့ထိုင်ကာ တမန်တော်မြတ်အား အစ္စလာမ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ကိုယ်တော်က သူ့အား အစ္စလာမ့်မဏ္ဍိုင်ကြီးများဖြစ်သည့် ရှဟာဒသ် သက်သေခံချက်နှစ်ခုအားဝန်ခံခြင်း၊ ဆွလာသ်ငါးကြိမ် စွဲမြဲစွာဆောက်တည်ခြင်း၊ ဇကာသ်ယူထိုက်သူများကို ဇကာသ်ပေးခြင်း၊ ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်း၊ တတ်စွမ်းနိုင်သူအပေါ်တွင် ဟဂ်ျ ဖရ်ဿွ်တာဝန်ကို ကျေပွန်ခြင်းစသည့်တို့ကို ဖြေကြားတော်မူခဲ့သည်။ ထိုအခါ မေးမြန်းသူက သင်ပြောတာ မှန်ပါသည်ဟုလျှောက်ထားခဲ့သည်။ မေးခွန်းမေးမြန်းခြင်းကို ကြည့်ခြင်းအားဖြင့် သူမသိကြောင်း ပေါ်လွင်နေသည့် အကြောင်းအရာတစ်ခုကို သူကိုယ်တိုင်က မှန်ကန်ကြောင်း ပြန်လည်ထောက်ခံသဖြင့် သာဝကကြီးများက အံ့ဩခဲ့ကြသည်။ ထို့နောက် အီမာန်ယုံကြည်ခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ ကိုယ်တော်က သူ့အား အီမာန်ဟူသည် အလ္လာဟ်အရှင်မြတ်တည်ရှိတော်မူခြင်းနှင့် အရှင်မြတ်၏ဂုဏ်တော်များကို လည်းကောင်း၊ အရှင်မြတ်သည် ဖန်ဆင်းခြင်းကဲ့သို့ မိမိ၏ဆောင်ရွက်မှုများတွင် တစ်ပါးတည်းဖြစ်တော်မူကြောင်းနှင့် ကိုးကွယ်ခံထိုက်ခြင်းတို့တွင် တစ်ပါးတည်းဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က နူရ်ဖြင့်ဖန်ဆင်းထားသည့် ‘မလာအိကဟ်’ ကောင်းကင်တမန်များသည် မြင့်မြတ်သောကျွန်များဖြစ်ကြပြီး၊ အလ္လာဟ်အရှင်မြတ်အား မဖီဆန်ကြဘဲ ထိုအလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုလိုက်နာသူများဖြစ်ကြသည်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးမှ ရစူလ်တမန်တော်များအပေါ် ကျရောက်ခဲ့သော ကျမ်းဂန်များဖြစ်သည့် ကုရ်အာန်ကျမ်းမြတ်၊ သောင်ရာသ်ကျမ်း၊ အင်န်ဂျီလ်ကျမ်းနှင့် အခြားကျမ်းဂန်များကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ အရှင်မြတ်၏သာသနာကို ပို့ချခဲ့ကြသည့် ရစူလ်တမန်တော်များဖြစ်သော နူးဟ်(အလိုင်းဟိစ္စလာမ်)၊ အိဗ်ရာဟီးမ်(အလိုင်းဟိစ္စလာမ်) မူဆာ(အလိုင်းဟိစ္စလာမ်)၊ အီဆာ(အလိုင်းဟိစ္စလာမ်)၊ နောက်ဆုံးနဗီတမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် အခြားသောနဗီရစူလ်များကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယင်း၌သေပြီးနောက် ကဗရ်၌ ကြုံ‌တွေ့ရမည့်အရာများ၊ ‘ဗရ်ဇခ်’ ကြားစခန်း၏သက်တမ်းတို့ ပါဝင်သည်။ လူသားသည် သေဆုံးပြီးနောက် ပြန်လည်ရှင်ပြန်ထရပြီး စာရင်းအင်း စစ်ဆေးခြင်းခံရမည်ဖြစ်ပြီး ၎င်း၏ပြန်လှည့်ရာနေရာသည် ဂျန္နသ် သို့မဟုတ် ဂျဟန္နမ်ဖြစ်သည်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကိုမိမိ‘အိလ်မ်’အသိပညာဖြင့် ကြိုတင်သိရှိတော်မူပြီး ထိုသို့သိရှိသည့်အတိုင်း မိမိ ‘ဟိက်မသ်’ အမြော်အမြင်ဖြင့် သတ်မှတ်ဆုံးဖြတ်ကာ ရေးဆွဲမှတ်တမ်းတင်တော်မူခဲ့သည်။ ‌၎င်းနောက် ထိုအရာများကို ဖြစ်ပေါ်လာစေရန် အလိုတူခဲ့သည်။ ထိုသတ်မှတ်ချက်များသည် အရှင်မြတ် သတ်မှတ်ထားသည့်အတိုင်း အရှင်မြတ်ဖန်ဆင်းလိုက်သည့်အတိုင်း ဖြစ်ပေါ်လာကြောင်းကို အီမာန်သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။ ထို့နောက် ၎င်းက အိဟ်စာန် နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ကိုယ်တော်က အိဟ်စာန်ဟူသည် အလ္လာဟ်အရှင်မြတ်အား မြင်နေသကဲ့သို့မှတ်ယူကာ ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ အကယ်၍ ထိုသူသည် ဤအဆင့်အတန်းထိမရောက်နိုင်လျှင် အလ္လာဟ်အရှင်မြတ်က မိမိအားမြင်နေသည်ဟုမှတ်ယူကာ ခဝပ်ကိုးကွယ်မှုပြုရမည်။ ပထမအဆင့်သည် ‘မုရှာဟဒဟ်’အဆင့်ဖြစ်ပြီး အမြင့်ဆုံးဖြစ်သည်။ ဒုတိယအဆင့်သည် ‘မုရာကဗဟ်’ဖြစ်သည်။ ထို့နောက် ၎င်းက ‘ကိယာမသ်’ ကမ္ဘာပျက်မည့်နေ့နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ‘ကိယာမသ်’‌နေ့နှင့် သက်ဆိုင်သည့် အသိပညာအား အလ္လာဟ်အရှင်မြတ်သည် မိမိ၏အသိပညာ၌သာ ထားရှိတော်မူပြီး မည်သည့် အဖန်ဆင်းခံမျှ မသိရှိကြောင်းနှင့် မေးမြန်းသူလည်း မသိသလို အမေးခံရသူလည်း မသိကြောင်း ရှင်းပြတော်မူသည်။ ထိုနောက် ၎င်းက ကိယာမသ်၏ နိမိတ်လက္ခဏာများနှင့်ပတ်သက်ပြီးမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်က ထိုနိမိတ်လက္ခဏာများအနက် ကျွန်မများနှင့် သူမတို့၏ သားသမီးများ များပြားလာခြင်း သို့မဟုတ် သားသမီးများက မိခင်များ၏အမိန့်ကို ဖီဆန်လာကြပြီး ၎င်းတို့အား ကျွန်များကဲ့သို့ ဆက်ဆံလာကြခြင်း၊ နောက်ဆုံးခေတ်သမယ၌ ဆိတ်ကျောင်းသားများနှင့် ဆင်းရဲသားများသည် လောကီ၏ချမ်းသာကြွယ်ဝမှုကို ရရှိလာကြပြီး အဆောက်အဦးများအား လှပတင့်တယ်အောင်ပြုလုပ်ကာ ယင်းအဆောက်အဦးများ၏ ခိုင်မာထည်ဝါမှုအပေါ် အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်ပြုလာကြမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြ‌တော်မူသည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မေးခွန်းမေးသူသည် ဂျိဗ်ရီးလ် (အလိုင်းဟိစ္စလာမ်) ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်သည့် သာသနာတော်အား ဆွဟာဗဟ်များကို သင်ကြားပေးရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
Hadeeth details

အဗ်ဒုလ္လာဟ်ဗင်န်အုမရ်ဗင်န်ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ-(အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီး ငါးခုအပေါ်တွင် ဆောက်တည်ထားသည်။) ၎င်း၏အလိုသဘောမှာ မုချဧကန် အစ္စလာမ်သာသနာတော်သည် အဆောက်အဦးတစ်ခုနှင့် ပမာတူပြီး ထိုမဏ္ဍိုင်ကြီး ငါးခုသည် ထိုအဆောက်အဦးအား ခိုင်ခန့်အောင် ထောက်ပံ့ပေးထားသည့် တိုင်များနှင့် အုတ်မြစ်များသဖွယ် ဖြစ်ကြသည်။ ပထမမဏ္ဍိုင်မှာ “အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်တော်မူသော အရှင်မရှိကြောင်း သက်သေခံခြင်း” ဖြစ်ပြီး ၎င်း၏အလိုသဘောမှာ အလ္လာဟ်အရှင်မြတ်မှလွဲ၍ မှန်ကန်စစ်မှန်သော ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သောအရှင် အလျှင်းမရှိဟူ၍ဖြစ်သည်။ ဤစကားရပ်သည်‘သောင်ဟီးဒ်၏ စကားရပ်’ပင်ဖြစ်သည်။ ထိုသောင်ဟီးဒ် တရားတော် မပါရှိဘဲ အစ္စလာမ်လက်ခံခြင်း မှန်ကန်မည်မဟုတ်ပါ။ ၎င်းစကားရပ်ကို နှုတ်ဖြင့်ဝန်ခံထွက်ဆိုရန်၊ အဓိပ္ပါယ်ကိုသိနားလည်ရန်နှင့် ၎င်း၏ တောင်းဆိုချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အရေးကြီးသည်။ “မုဟမ္မဒ် သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်း” ထိုသက်သေခံခြင်းက တောင်းဆိုထားသည့် အချက်များမှာ ကျွန်တော်တို့သည် တမန်တော်မြတ်ထံမှတဆင့် မှန်ကန်သည့် ‘စနဒ်’ ကွင်းဆက်များဖြင့် လာရှိထားသော ကိုယ်တော်မြတ် အသိပေးခဲ့သည့်အရာတိုင်းကို မှန်ကန်ကြောင်းထောက်ခံရမည်။ကိုယ်တော်မြတ် အမိန့်ပေးခဲ့သည့် အရာများကိုလိုက်နာကျင့်သုံးပြီး တားမြစ်ခဲ့သည့် အရာများကိုရှောင်ကြဉ်ရမည်။ ကိုယ်တော်မြတ်၏ ‘ရှရီအဟ်’တရားလမ်းစဉ်အတိုင်းသာ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်ရမည် စသည်တို့ဖြစ်သည်။ဒုတိယမဏ္ဍိုင်မှာ “ဆွလာသ်ဆောက်တည်ခြင်း”ဖြစ်သည်။ ဆွလာသ်သည် အစ္စလာမ့်မဏ္ဍိုင်ကြီးများအနက် သက်သေခံခြင်းနှစ်ခု၏ နောက်တွင်အရေးပါဆုံး မဏ္ဍိုင်ဖြစ်သည်။ နေ့နှင့်ညတွင် ဆွလာသ် ငါးကြိမ်ဆောက်တည်ရသည်။ ထို့ကြောင့် ဆွလာသ်သည် ကျွန်နှင့် ၎င်း၏အရှင်မြတ်ကြား၌ ခိုင်မာသည့် ဆက်သွယ်မှုတစ်ရပ်ဖြစ်သည်။ ဆွလာသ်ဆောက်တည်ခြင်းဆိုသည်မှာ ဆွလာသ်ကို စွဲစွဲမြဲမြဲ ဆောက်တည်ခြင်းကို ဆိုလိုသည်။ တတိယမဏ္ဍိုင်မှာ “ဇကာသ်ပေးဆောင်ခြင်း” ဖြစ်သည်။ ဇကာသ်ဟူသည် ငွေကြေး၊ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှု တနှစ်ပြည့်သည့် အခါတွင်ဖြစ်စေ၊ သစ်သီးများပေါ်၍ ရင့်မှည့်လာသည့်အခါတွင်ဖြစ်စေ တစ်နှစ်လျှင် တစ်ကြိမ် ဥစ္စာပစ္စည်းဖြင့် ပြုလုပ်ရသော ခဝပ်ကိုးကွယ်မှုဖြစ်သည်။ ဇကာသ်၏ အကျိုးဖြစ်ထွန်းမှုသည် အများအပြားရှိသည့်အတွက် ဆွလာသ်၏နောက် ဟဂ်ျနှင့် ဆွိယာမ်ဥပုသ်ထက် အလျင်ဖော်ပြထားခြင်းဖြစ်သည်။ စတုတ္ထမဏ္ဍိုင်မှာ မွန်မြတ်လှသော အလ္လာဟ်အရှင်မြတ်၏ အိမ်တော်အား “ဟဂ်ျပြုခြင်းဖြစ်သည်။”ဟဂျ်သည် ခန္ဓာကိုယ်ဖြင့် ပြုလုပ်ရသော ခဝပ်ကိုးကွယ်မှုဖြစ်သည်။အဘယ်ကြောင့်ဆိုသော် လူသားသည် ဟဂ်ျအား မိမိကိုယ်တိုင်ပြုလုပ်ရသည်။ မိမိကိုယ်တိုင် ဟဂျ်မပြုနိုင်ကြောင်း တရားတော်၏ သတ်မှတ်ချက်များနှင့်ကိုက်ညီသူသည် အခြားသူအား မိမိကိုယ်စား ဟဂ်ျပြုခိုင်းခွင့်ရှိသည်။ ဟဂ်ျသည် ဥစ္စာပစ္စည်းဖြင့်ပြုလုပ်ရသော ခဝပ်ကိုးကွယ်မှုလည်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ဟဂ်ျပြုရန် ငွေကြေးနှင့်ခရီးစရိတ်တို့ လိုအပ်သည်။ ပဉ္စမမဏ္ဍိုင်မှာ “ရမဿွန်လ၏ ဆွိယာမ် ဥပုသ်စောင့်ထိန်းခြင်း” ဖြစ်သည်။ဆွိယာမ်သည်ခန္ဓာကိုယ်ဖြင့်ပြုလုပ်ရသည့် ခဝပ်ကိုးကွယ်မှုဖြစ်ပြီး အခြားတစ်စုံတရာနှင့် ပတ်သက်မှုမရှိပေ။ ဆွိယာမ် စောင့်ထိန်းခြင်းဆိုသည်မှာ ရည်စူးချက်နှင့်တကွ ဆွိယာမ် ဥပုသ်ပျက်စေသောကိစ္စများကို စွန့်လွှတ်ခြင်းဖြစ်သည်။ တစ်နှစ်လျှင် တစ်လ ဆွိယာမ်ဥပုသ်ဆောင့်ထိန်းရန်တာဝန်ရှိသည်။၎င်းမှာ ရမဿွန်လမြတ်ပင်ဖြစ်သည်။ ပထမမဏ္ဍိုင်နှင့် ဒုတိယမဏ္ဍိုင်ဖြစ်သည့် ဆွလာသ်တို့ မပါရှိပါက အစ္စလာမ်သည် မှန်ကန်လိမ့်မည်မဟုတ်ပါ။ ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။ လူတစ်ဦးနှင့် ရှိရ်က်(ယှဉ်တွဲကိုးကွယ်ခြင်း)၊ ကုဖ်ရ်(အစ္စလာမ့် ဘောင်အပြင်သို့ရောက်ခြင်း) ကြား၌ ဆွလာသ် စွန့်လွှတ်ခြင်းသာ ခြားထားသည်။ (မွတ်စ်လင်မ်ကျမ်း) ဟဒီးဆ်တော်၏ အလိုသဘောအား ၎င်း၏ ပေါ်လွင်ထင်ရှားနေသည့်အဓိပ္ပါယ် အတိုင်းသာ ကောက်ယူရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကဏ္ဍတွင် ၎င်းနှင့် ဆန့်ကျင်ဘက် အတည်ပြုထားသော အမိန့်ဟူ၍မရှိပေ။ သို့သော် အခြားတဖက်တွင် ၎င်းနှင့် ဆန့်ကျင်ဘက် ကောက်နုတ်ချက်များရှိနေသော်လည်း စလဖ်(ရှေးပညာရှင်)တို့၏ နားလည်သဘောပေါက်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဆွလာသ် စွန့်လွှတ်သူသည်ကာဖိရ်ဖြစ်ကြောင်း ဆွဟာဗဟ်(ရဿွိယလ္လာဟုအန်ဟွမ်)တို့ တညီတညွတ်တည်း အတည်ပြုထားကြသည်။ အဗ်ဒုလ္လာဟ်ဗင်န်ရှကီးက် အလ်အုကိုင်လီက ပြောသည်မှာ တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အဆွ်ဟာဗ်တော်တို့သည် ဆွလာသ်မှအပ ကျန်မည်သည့် အမလ်ကျင့်ဆောင်မှုကိုမျှ စွန့်လွတ်ခြင်းကြောင့် ကာဖိရ်ဖြစ်သွားသည်ဟု မမှတ်ယူခဲ့ကြပေ။ (အိမာမ်သိရ်မိဇီက မိမိ၏ဂျာမေအ်ကျမ်း၌လည်းကောင်း၊ အိမာမ်မရ်ဝဇီက သအ်ဇွီးမုကဒ်ရိစ်ဆွလာသ်ကျမ်း၌လည်းကောင်း အသီးသီးဆင့်ပြန်ထားကြသည်။) အကြင်သူသည် ကျန်မဏ္ဍိုင်ကြီး သုံးခုအားအကြောင်းမဲ့ စွန့်လွှတ်ပါက ထိုသူ၏အစ္စလာမ်သည် ပြည့်စုံမည်မဟုတ်ဘဲ ၎င်းသည်အလွန်ပင် ဆိုးရွားသည့် လမ်းမှားမှုနှင့် အလွန်ပြင်းထန်သည့် အန္တရာယ်၌ ကျရောက်နေမည်ဖြစ်သည်။ သို့သော် ရှရီအသ်တရားတော်၏ အခြားသော အထောက်ထားများအရ ၎င်းတို့အား စွန့်လွှတ်ခြင်းကြောင့် ကာဖိရ်ဟုမသတ်မှတ်ပေ။
Hadeeth details

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အရှင်မြတ်၏ကျေးကျွန်များအပေါ်တွင်ရှိသည့် ဝတ္တရားနှင့် ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားတို့ကိုရှင်းပြတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူ ‘မုဝဟ္ဟိဒ်’အား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။ ထို့နောက် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)က အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤထွတ်မြတ်မှုကိုသိပြီး လူတို့ဝမ်းသာပျော်ရွှင်ကြစေရန် ကျွန်တော်မျိုး သတင်းကောင်းပါးလိုက်ရမည်လားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး အမလ်ကျင့်ဆောင်မှုမပြုဘဲ နေကြမည်ကို စိုးရိမ်၍ မပြောပြရန် တားမြစ်တော်မူခဲ့သည်။
Hadeeth details

မုအာဇ်ဗင်န်ဂျဗလ် (ရဿွိယလ္လာဟုအန်ဟု)သည် အစီးအနင်းပေါ်၌ ကိုယ်တော်၏ နောက်တွင် လိုက်ပါစီးနင်းခဲ့သည်။ ကိုယ်တော်က သူ့အား အို-မုအာဇ်ဟု ခေါ်လိုက်သည်။ ကိုယ်တော်သည် မိမိရှေ့ဆက်ပြောမည့်စကားကို အလေးအနက်ထားစေရန်အတွက် သူ့အား သုံးကြိမ်တိုင်တိုင် ခေါ်တော်မူသည်။ ကိုယ်တော်က ခေါ်လိုက်တိုင်း မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)က “အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးအသင့်ရှိပါသည်။ အမိန့်နာခံရန် အသင့်ရှိပါသည်။” ဟု ဖြေကြားခဲ့သည်။ ဆိုလိုသည်မှာ ကျွန်တော်မျိုးသည် အကြိမ်ကြိမ် ကိုယ်တော်၏ အမိန့်ကိုနာခံနေပါသည်။ ကိုယ်တော်၏ အမိန့်ကိုနာခံရန် အမြဲအဆင်သင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားသည်မှာ မည်သည့် ကျေးကျွန်မဆို အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် ရစူလ်တမန်တော်ဖြစ်ကြောင်းကို လိမ်လည်၍ မဟုတ်ဘဲ စိတ်နှလုံးသားထဲမှ မှန်ကန်စွာ သက်သေခံပြီး ဤအခြေအနေ၌ပင် ကွယ်လွန်သွားခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ငရဲမီးကို ဟရာမ်အဖြစ်သတ်မှတ်တော်မူမည် ဖြစ်သည်။ ထိုအခါ မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)က လူတို့ ဝမ်းမြောက်ပျော်ရွှင်ကြစေရန်နှင့် သတင်းကောင်း ရရှိကြစေရန်အတွက် ဤသတင်းကို လူတို့အား ပြောပြရန် တမန်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ခွင့်တောင်းခဲ့သည်။ သို့သော် တမန်‌တော်မြတ်(ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး အမလ်ကျင့်ဆောင်မှု လျော့နည်းသွားကြမည်ကို စိုးရိမ်တော်မူခဲ့သည်။ ထို့ကြောင့် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)သည် ဤသတင်းကို မည်သူ့ကို မပြောပြခဲ့‌ပေ။ သို့သော် ကွယ်လွန်ခါနီးအချိန်၌ အသိပညာကို ဖုံးကွယ်သည့် အပြစ်ထိုက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ပြောပြခဲ့ခြင်းဖြစ်သည်။
Hadeeth details

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အကြင်သူသည် ကလိမာတော် “လာအိလာဟ အိလ္လလ္လာဟ်” (အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သူမရှိ)အား နှုတ်ဖြင့်ရွတ်ဆို သက်သေခံမည်။ အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခံရသော အရာများကို ငြင်းပယ်မည်။ အစ္စလာမ်သာသနာတော်မှအပ အခြားသာသနာများအားလုံးမှ ကင်းရှင်းမည်ဆိုပါက သူ၏ ပစ္စည်းဥစ္စာ၊ အသက်သွေးတို့သည် အခြားမွတ်စ်လင်မ်များအပေါ်တွင် ဟရာမ်ဖြစ်သွားပြီဖြစ်သည်။ ပေါ်လွင်ထင်ရှားသော သူ၏လုပ်ရပ်သည်သာ ကျွန်ုပ်တို့နှင့် သက်ဆိုင်‌သည်။ ထို့ကြောင့် ရာဇဝတ်မှုနှင့် ပြစ်ကျူးလွန်မှုတို့ကြောင့် အစ္စလာမ့် အမိန့်ပညတ်ချက်များအရ အရေးယူအပြစ်ပေးသည့် ကိစ္စမျိုးမှလွဲ၍ သူ၏ဥစ္စာပစ္စည်းကို သိမ်းပိုက်ခြင်း၊ သွေးထွက်သံယိုပြုခြင်းတို့ ပြုခွင့်မရှိတော့ပေ။ ကိယာမသ်နေ့၌ ၎င်းအား စာရင်းစစ်ဆေးခြင်းကို အလ္လာဟ်အရှင်မြတ်က တာဝန်ယူထားပြီးဖြစ်သည်။ အကယ်၍ ၎င်းသည် မှန်ကန်သူဖြစ်ပါက အရှင်မြတ်က အကျိုးကုသိုလ်ချီးမြှင့်မည်ဖြစ်ပြီး မုနာဖိက် အရေခြုံမွတ်စ်လင်မ်ဖြစ်ပါက အရှင်မြတ်က ပြစ်ဒဏ်ပေးမည်ဖြစ်သည်။
Hadeeth details

ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ဂျန္နဟ် သုခဘုံကိုရရှိစေမည့်အချက်နှင့် ဂျဟန္နမ်သို့ကျရောက်စေမည့်အချက်တို့ကို မေးမြန်းခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ၎င်းအားဖြေကြားခဲ့သည်မှာ ဂျန္နဟ်သုခဘုံကို ရရှိစေမည့်အချက်မှာ လူသားသည်အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူ မည်သည့်တစ်စုံတစ်ရာကိုမျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုဘဲ သေဆုံးကွယ်လွန်သွားခြင်းဖြစ်သည်။ ဂျဟန္နမ်သို့ရောက်စေမည့် အချက်မှာ လူသားသည်အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို ယှဉ်တွဲကိုးကွယ်ခြင်းဖြစ်ပြီး ခဝပ်ကိုးကွယ်မှုကိုခံထိုက်ခြင်း၌လည်းကောင်း၊ အလုံးစုံကိုမွေးမြူဖန်ဆင်း ထိန်းသိမ်းစောင့်ရှောက်ခြင်း၌လည်းကောင်း၊ ဂုဏ်တော်၊နာမတော်များပိုင်ဆိုင်ရာတွင်လည်းကောင်း အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာသည်လည်း အတူပါဝင်နေသည်ဟု ယုံကြည်ချက်ထားကာ သေဆုံးကွယ်လွန်သွားခြင်းဖြစ်သည်။
Hadeeth details

ဤဟဒီးဆ်တော်တွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော်တို့ကို အသိပေး ပြောကြားသည်မှာ ဧကန်စင်စစ် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည့် ကိစ္စတစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်မှအပ အခြားအဖန်ဆင်းခံအတွက်သုံးစွဲပြီး ထိုအခြေအနေမျိုး၌ သေဆုံးခဲ့လျှင် ၎င်းသူ၏ လားရာနေရာသည် ဂျဟန္နမ်ငရဲပင်ဖြစ်သည်။
Hadeeth details

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအာဇ်ဗင်န်ဂျဗလ် (ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့ အလ္လာဟ့်ဘက်သို့ဖိတ်ခေါ်သူ၊ သာသနာရေးရာ သင်ကြားပို့ချသူအဖြစ် စေလွှတ်သည့်အခါ ကြိုတင်ပြင်ဆင်ထားရန်အတွက် မကြာမီ(နဆ်ွရာနီ) ခရစ်ယာန်မျိုးနွယ်စုများနှင့် ဆုံတွေ့ရမည်ဖြစ်ကြောင်း သူ့အား ရှင်းပြတော်မူခဲ့သည်။ ထို့နောက် ၎င်းတို့အား ဒအ်ဝဟ် ဖိတ်ခေါ်မှုပြုရာတွင်အရေးအကြီးဆုံးကိစ္စနှင့်စတင်ကာ တစ်ဆင့်ပြီးတစ်ဆင့် အရေးကြီးသောအရာများကို ဖိတ်ခေါ်ရန်လည်း မိန့်ကြားတော်မူခဲ့သည်။ ထို့ကြောင့် သူသည် လူတို့အား ယုံကြည်ချက် ပြုပြင်တည့်မတ်ပေးရန်အတွက် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်‌သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်းကို ဦးစွာပထမ တင်ပြဖိတ်ခေါ်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသက်သခံချက်ဖြင့်သာ ၎င်းတို့အစ္စလာမ်သာသနာသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ အကယ်၍ သူတို့သည် ထိုအချက်ကို လက်ခံခဲ့လျှင် ၎င်းတို့အား ဆွလာသ်ဆောက်တည်ရန် အမိန့်ပေးရမည်။ အဘယ့်ကြောင့်ဆိုသော် သောင်ဟီးဒ်တရား၏ နောက်တွင် ဆွလာသ်သည် အကြီးကျယ်ဆုံး ဖရ်ဿ်ွတာဝန် ဖြစ်သည်။ အကယ်၍ သူတို့သည် ဆွလာသ် ဆောက်တည်ကြလျှင် ၎င်းတို့အနက် ချမ်းသာကြွယ်ဝသူများက သူတို့၏ ဥစ္စာပစ္စည်းများထဲမှ ၎င်းတို့ထဲရှိ ဆင်းရဲသားများကို ဇကာသ်ပေးရန်အမိန့်ပေးရမည်။ ဇကာသ်ကောက်ယူရာတွင် အလယ်အလတ်တန်းစားကိုသာ ကောက်ယူရန် တာဝန်ရှိသည့်အတွက် အကောင်းဆုံးပစ္စည်းများကို ကောက်ယူခြင်းမပြုရန် ကိုယ်တော်ကသူ့အား သတိပေးတားမြစ်တော်မူခဲ့သည်။ ထို့နောက် မတရားဖိနှိပ်ခံရသူ၏ မကောင်းဆုတောင်းခြင်း မခံရစေရန်အတွက် မတရားမှုမှ ရှောင်ကြဉ်ရန် မှာကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မတရားဖိနှိပ်ခံရသူ၏ ဒုအာသည် လက်ခံကဗူလ်ပြုခြင်းခံရသည့်အတွက်ဖြစ်သည်။
Hadeeth details

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။လူတို့အနက် ကိယာမသ် တရားစီရင်မည့်နေ့တွင် ကိုယ်တော်၏ ရှဖာအသ် ကြားဝင်အသနားခံပေးမှုဖြင့် နဖူးစာအကောင်းဆုံးဖြစ်မည့်သူမှာ ရှိရ်က် ဖက်စပ်ယှဥ်တွဲကိုးကွယ်မှု၊ ရိယာအ် ပြစားမှုတို့မှကင်းစင်ကာ မိမိနှလုံးသားတွင်းမှ အရှင်မြတ်အတွက်သာရည်စူး၍ (လာအိလာဟအိလ္လလ္လာဟ်) အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိဟူ၍ ရွတ်ဆိုခဲ့သူဖြစ်သည်။
Hadeeth details

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အီမာန် သက်ဝင်ယုံကြည်မှုတွင် အကိုင်းအလက်များ၊ အကျင့်အမူများ များစွာရှိသည်။ ယင်း၌ နှုတ်ဖြင့်ဝန်ခံခြင်း၊ လက်တွေ့ကျင့်ဆောင်ခြင်း၊ နှလုံးသားဖြင့် သက်ဝင်ယုံကြည်ခြင်းတို့ပါဝင်သည်။ အီမာန်၏ အကျင့်အမူများအနက် အမြင့်ဆုံးနှင့် အမွန်မြတ်ဆုံးမှာ “လာအိလာဟ အိလ္လလ္လာဟ်” အား အဓိပ္ပာယ်နားလည်ပြီး ရွတ်ဆိုခြင်း၊ ကလိမဟ်တော်၏ တောင်းဆိုချက်အတိုင်း လိုက်နာကျင့်သုံးခြင်းဖြစ်သည်။ ကလိမဟ်၏ အဓိပ္ပါယ်မှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာလျှင် ကိုးကွယ်ခံထိုက်သည့်အရှင်ဖြစ်ပြီး အရှင်မြတ်မှအပ ကိုးကွယ်ထိုက်သည့် အရှင်ဟူ၍မရှိဖြစ်သည်။ အီမာန်၏အနိမ့်ဆုံး အမလ်ဆောင်ရွက်မှုမှာ လူတို့အား ဒုက္ခဖြစ်စေမည့် အရာတိုင်းအား လမ်းပေါ်မှ ဖယ်ရှားပေးခြင်းဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အရှက်တရားသည် အီမာန်၏ အစိတ်အပိုင်းများအနက်မှ ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ အရှက်တရားဟူသည် ကောင်းသောကိစ္စများကို ပြုလုပ်ရန်နှင့် စက်ဆုပ်ဖွယ်ရာကိစ္စများကို စွန့်လွှတ်ရန် တွန်းအားပေးသည့် အကျင့်စာရိတ္တပင်ဖြစ်သည်။
Hadeeth details