The Encyclopedia of Ar-Rahman's Guests

Selected material for Pilgrims and Um-rah teaching it in languages of the world

Selected content

ထပ်၍

Selected prophetic hadiths

ဂျာဗိရ်ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ပညာရှင်များအပေါ် ဂုဏ်ဖော်ရန်၊ ပညာမဲ့များနှင့် ငြင်းခုံရန်၊ ထိုင်ဝိုင်းများတွင် ဦးစားပေးခံရရန် ရည်ရွယ်ချက်ဖြင့် သာသနာ့ပညာအား မသင်ယူကြလေနှင့်။ မည်သူမဆို ဤကဲ့သို့ (ရည်ရွယ်ချက်ဖြင့်)သင်ယူခဲ့ပါက ငရဲမီးသို့ ကျရောက်ရမည်။ ငရဲမီးသို့ ကျရောက်ရမည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
အိဗ်နုမာဂျဟ်ကျမ်း။
အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်။ ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်အပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။ ထို့ကြောင့် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက်ဖြစ်ခဲ့လျှင် ထိုသူ၏ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်မည်။ ထို့ပြင် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် လောကီ (အကျိုး)ရရှိရန်အတွက် သို့မဟုတ် အမျိုးသမီးတစ်ဦးအား ထိမ်းမြားရန်အတွက် ဖြစ်ခဲ့မည်ဆိုလျှင် ထိုသူ၏ ဟိဂ်ျရသ် နေရပ် စွန့်ခွာရွှေ့ပြောင်းခြင်းသည် ၎င်းသူစွန့်ခွာရွှေ့ပြောင်းခဲ့သည့် အရာအတွက်ပင် ဖြစ်လိမ့်မည်။ ဗုခါရီ၏ စာသားတွင်« ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။»
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒုအာဆုမွန်တောင်းခံခြင်းထက် ပို၍မြင့်မြတ်သောအရာဟူ၍မရှိ။
ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။
အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ ဧကန်အမှန်ပင် မုအ်မင်န် တစ်ဦးသည် ၎င်း၏ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားကြောင့် ဆွိယာမ် ဥပုသ်စောင့်ထိန်းသူ၊ (ညတွင်ထ၍) ဆွလာသ် ဆောက်တည်သူ၏ အဆင့်အတန်းကို ရရှိသွားသည်။
ဤဟဒီးဆ်ကို ထောက်ခံထားသော အခြားဟဒီးဆ်တော်များကြောင့် ဤဟဒီးဆ်တော်သည် ဆွဟီးဟ် ဖြစ်သွားသည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။အကယ်၍ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဝမ်းဗိုက်ထဲ၌ တစ်စုံတစ်ရာခံစားရပြီး လေလည်လိုက်ခြင်းရှိ၊ မရှိ သံသယဖြစ်ပါက အသံမကြားသ၍ သို့မဟုတ် အနံ့မရသ၍ ဗလီဝတ်ကျောင်းတော်မှ လုံးဝမထွက်သွားရပေ။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
မွတ်စ်လင်မ်ကျမ်း။
ထပ်၍